ကျမျက်ရည် သီကာကုံး ပုလဲလုံးဖြူဖြူကို
တိတ်တဆိတ်ချွေကာကြွေ ပုလဲဖြူမွေ့ရာပေါ်ဝယ်
သက်မဲ့ရုပ်နှယ် လဲကာလျောင်းလျှက်
မလှုပ်မယှက် ငြိမ်သက်နေပေမဲ့
မေ့ ရင်ထဲဝယ် မီးတောင်ကြီးတွေ ဆင့်ကာပေါက်ကွဲ
လွမ်းငွေ့ ပူတွေ ပြည့်လျှံ တစ်ဆို့နေ
ကို သိရဲ့ လားကွယ်။
ကို....
ပြုံးခွင့်ရစေသား
မင်္ဂလာ ချိန်ခါသမယ ချိုမြမြ ပြုံးလှလှ
ပန်ကာဆင်ကာပြ ဟန်ဆောင်ကာနေရ
သတိုးသမီး မေ့ဘ၀။
သူ....
မေ့သက်ဆုံးဖော်မွန် ရွှေလက်ရယ်တွဲဟန်ပြင်
ပြုံးပျော်မြူးရွှင် ကြည်လင်ဝင်းပ
စွမ်းကုန်ပျော်မ၀ သတိုးသားဘဝ
ဂုဏ်ယူကာတက်ကြွ။
ရင်ခွင်ထဲဝယ် ဆုပ်ကာထွေးပွေ့သူ့လက်နွေးနွေးနဲ့
စူးရှတောက်ပ သူ့ အကြည့်လှလှထဲ
မေ ဘယ်လိုနေရပါ့ ဖြေရှာကြည့်ရင်း
တွေးကာဆွေးကာ ၀မ်းနည်းလာ
ဟန်ဆောင်ကာ ထိန်းသော်ငြား
မျက်ပုလဲတွေ လှိမ့်ကြွေကျ
ကို သိပါလေစ.....
နှင်းပန်းညို
၂၈.၆.၀၉
No comments:
Post a Comment