Monday, December 21, 2009

နုလွန်းတဲ့အတ္တ

ကျမ ကို့ကို ချစ်နေတာကြာခဲ့ပါပြီ။ အခုဆိုရင် ကျမလေ ကို့ကို ပိုပိုပြီး ချစ်ချစ်လာတဲ့ ရောဂါတစ်မျိုး စွဲကပ်နေပါပြီ။
ဟိုးအရင်ကဆိုရင် ကျမဟာ ကို့ကို တိတ်တခိုး တွယ်တာမိသည်မှလွဲလို့ ကို့အချစ်ကို မမျှော်လင့်ရဲတဲ့သူ တစ်ဦး ဖြစ်ခဲ့ဖူးသည်။
ကိုဟာ ကျမရဲ့ မျှော်လင့်ချက်တွေကို သတ်ဖြတ်မြေမြုပ်ပစ်ခဲ့သူ တစ်ဦးဖြစ်ခဲ့ပြီး ထိုသေဆုံးသွားသော မျှော်လင့်ချက်များကို ပြန်လည်အသက်သွင်းရှင်သန်လာစေဖို့ လုပ်ဆောင်ပေးနိုင်သူလည်းဖြစ်ခဲ့ဖူးတယ်။

ကို့ကိုသိပ်ချစ်မိလို့လည်း ကျမ ကဗျာမကျ၊ ၀ထ္ထုမမည် တဲ့ စာတိုလေးတွေစပြီး ရေးတတ်နေပြီ။ ဟိုဒီဒီလျှောက်တွေးရင်းနဲ့ပေါ့....
ဘာတွေချရေးထားလဲ ဆက်ဖတ်ကြည့်ပါဦး။
ဒီမှာ ကို .....
ဖတ်ပြီးတော့ မရီလိုက်နဲ့ဦးနော်....


ကျမ….
ကို့ကို သိပ်ချစ်တယ်
ကို့ကို အရမ်းသတိရနေတယ်
ကိုအခုဘာလုပ်နေလဲ
ကို့အတွက်ကျမစာရေးနေတယ်….
ကိုဘယ်သူ့အကြောင်းတွေးနေလဲ
ကျမအတွေးထဲမှာတော့ ကို ဘဲ ရောက်ရောက်နေတယ်
ကိုဘယ်သူ့ကို အချစ်ဆုံးလဲ
ကျမအချစ်ဆုံးကတော့ ကို ပါဘဲ…

ကိုအရင်လိုကော ချစ်သေးရဲ့လား
ကျမလေ ဆထက်တိုးတဲ့ အချစ်တွေနဲ့ ကို့ကိုချစ်နေဆဲပါ
ကို အခုလို ကျမနဲ့ဝေးနေချိန်မှာ ဘာတွေများပြောင်းလဲသွားပြီလဲ
ကျမအတွက်တော့ အနေဝေးပေမယ့် အချစ်တွေနဲ့ နွေးထွေးနေဆဲပါ

ကို ….
ကျမတစ်ယောက်တည်းကိုသာ အချစ်ဆုံးပါလို့မဖြေစေချင်ဘူး
ဒီစကားတစ်ခွန်းဟာ ကျမအတွက်သိပ်အရေးကြီးနေလို့ပါ
ဒီစကားလေးကိုတော့ ကို သေသေချာချာစဉ်းစားပြီးပြောပါ
ကို အချိန်ယူပါ၊ လေ့လာပါ၊ သုံးသပ်ပါ
အရင်လို အဆောတလျင် မဖြေပါနဲ့....


အချိန်ဆိုတာ လူတစ်ဦးရဲ့ အတွင်းစိတ်ကို
ပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်ဆိုတာ
ကျမ ယုံကြည်လက်ခံပြီးသားပါ
ကို့ အဖြေကို ကျမ နားလည်စွာနဲ့စောင့်နေမှာပါ
ကို့ အဖြေဘယ်လိုဘဲနေနေ ဘယ်လိုဘဲဖြေဖြေ
ကျမ မကြိုက်သည့်တိုင် စိတ်မဆိုးရက်ပါဘူး..

အချစ်ဆိုတာရယူလိုခြင်း၊ပိုင်ဆိုင်လိုခြင်းထက်
ပေးဆပ်ခြင်းကို ရှေ့တန်းတင်တတ်တဲ့ ကျမ
ကို့ကို ပိုင်ဆိုင်ရယူလိုတဲ့ အတ္တ ရှိတော့ရှိတယ်
ဒါပေမယ့် အခုအချိန်မတော့ ကျမအတ္တက နုလွန်းသေးတယ်...

.....................
နှင်းပန်းညို
20.12.09


No comments:

Post a Comment