Tuesday, January 5, 2010

ဝေးရင်းဝေး…ဆွေးရင်းဆွေး

ငါ့စိတ်တွေ ပြန့်လွင့်
အလွမ်းတွေ ပျံ့ကြဲ
အတွေးကမ္ဘာထဲမတော့
မင်းရီသံလွှလွှ
ပျော်ဝင်စီးဆင်းကောင်းဆဲ။

ကောင်းကင်ကိုမော့အကြည့်
မင်းရဲ့စကားသံ အားမာန်အပြည့်
အားပေးမှုတွေ ပြည့်လွမ်းနေတဲ့
မင်းရဲ့ သြဘာသံ
ငါ ဘယ်လိုမေ့နိုင်မလဲ။

ဒါပေမယ့်…
လွန်ဆွဲနေခဲ့တဲ့ ငါ့စိတ်
ပြတ်သားနေမတော့
တို့တွေ ဝေးရင်းဝေး
ဆွေးရင်း ဆွေးပေါ့။


ခုတော့…
တစ်ယောက်တစ်နေရာစီ
ရည်ရွယ်ရာဆီ
ရှေ့ဆက်လျှောက်ရင်း
မင်း ပျံသန်းသွားချင်တဲ့ နေရာတွေ
မင်းတောင့်တနေခဲ့တဲ့ အရာတွေ
မင်း ဆုံတွေ့လိုတဲ့ လူတွေ
မင်းရဲ့လိုအပ်ချက်တွေ
ပြည့်လို စေငြား
ဆုတောင်းပေးခဲ့တယ် ချစ်သူ….။

နှင်းပန်းညို
၂၈.၁၂.၂၀၀၉

No comments:

Post a Comment