Wednesday, January 6, 2010

ဝန်ခံပါရစေ..

အချစ်တွေရှားတဲ့ မင်းရင်ဘက်ထဲ
ငါ ဆက်ပြီး မ၀င်ပါရစေနဲ့
ခပ်ဝေးဝေးမှာဘဲ ခပ်အေးအေးနေပါရစေ
မင်းကျော့ကွင်းထဲ ၀င်မိမယောင် ဖြစ်ခဲ့တဲ့ ငါ့ကို
ဟားတိုက်ပြီးတော့ လှောင်မရီ လိုက်ပါနဲ့။

ငါတကယ်နားလည်သွားပြီ
လမ်းတွေ လမ်းတွေ
ဘယ်လမ်းဘဲ လျှောက်လျှောက်
မင်းဆီမရောက်ဖို့၊ မင်းဆီမသွားမိဖို့
ငါ့နှလုံးသားကို သော့ခတ်ထားလိုက်ပြီ
ဘယ်တောမှ မဖွင့်စတမ်း
ဘယ်တော့မှ မနိုးစတမ်းပေါ့။


ဒါပေမယ့် ၀န်ခံပါရစေ..
ငါ့နှလုံးသား မင်းနဲ့ကျမှ
ခေတ္တလှုပ်ခါ ခဲ့ဖူးတာပါလို့။

နှင်းပန်းညို
၅.၁.၂၀၀၉

No comments:

Post a Comment