Wednesday, January 6, 2010

ဆုံးဖြတ်ပေးကြပါနော်...

သူဟာ ပုံပြောကောင်းသူတစ်ဦး ဖြစ်သလို ကျမကလည်း သူ့ပုံပြင်တွေကိုမှ ရွေးပြီး စိတ်ရှည်စွာ စိတ်ဝင်တစား နားထောင်ပေးသု တစ်ဦးဖြစ်ခဲ့ဖူးတယ်။ ကျမလေသူ့ ပုံပြင်တွေကို နားထောင်ရင်းသူ့ရဲ့ပုံပြင်တွေထဲမျောပါ သွားခဲ့ဖူးတယ်။ စိတ်ကူးတွေယဉ်ပြီး အပျော်ကြီးပျော်ခဲ့ဖူးတယ်။ သူ့စကားလုံးတွေကျမရဲ့ ရင်ထဲ၊အသည်းထဲ စိမ့်ဝင်ပြီး အရည်ပျော်မတတ် ဖြစ်ခဲ့ဖူးတယ်။ နောက်ဆုံးတော့လေ သူဟာ ပုံပြင်တွေ ဆက်မပြောလိုတဲ့အခါ (မောသွားဟန်တူပါရဲ့) ဘာတွေဆက်ဖြစ်လာမလဲ မသိချင်ကြဘူးလား ။

သူဟာ ပုံပြင်တွေကိုပြောပြတတ်ပြီးသူ့ရဲ့လေကြောထဲ တဖြုတ်ဖြုတ်ကြွေကြွေသွားတဲ့ မိန်းကလေး တွေရဲ့အသည်းအရေအတွက်ကို စစ်တမ်းကောက်ယူနေသူတစ်ဦးဖြစ်တယ် (နောက်မှသိရတာပါ) ။ အခုသူ နောက်တစ်ဦးကို ပုံပြောဖို့ Field ထွက်နေပါတယ်။ သူဟာ Field ထွက်ဖို့ ၀ါသနာ ပါသူတစ်ဦးလည်း ဖြစ်တယ်။ ဒါပေမယ့် သူ့ကို ကျမနားလည်ပေးနိုင်ပါတယ်။ ကျမလေ သူဝဋ္ဋ်လည်မှာကိုဘဲ
စိုးရိမ်နေမိတာပါ်။ ၀ဋ္ဋ်ဆိုတာ လည်တတ်တဲ့အမျိုးမှန်း သူမသိရှာဘူးလေ။ သူလည်းတစ်နေ့နေ့မှာ သူ့လိုဘဲပုံပြောကောင်းသူတစ်ဦးဦးနဲ့ ဆုံတွေ့ဖြစ်မှာ ကိုပေါ့။ အဲဒီအချိန်မှာ သူ ကျမကို ကောင်းကောင်း နားလည်သွားမှာပါ။

သူပြောခဲ့တဲ့ ပုံပြင်ထဲကစကားတစ်ချို့ကို ကောက်နှုတ်ပြီးဖော်ပြပေးမယ်နော်။ ကျမဘာကြောင့် အချိန်တိုအတွင်း ယုံစားမိခဲ့သလဲ ဆိုတာကိုပေါ့။ စကားတစ်လုံးချင်းစီကို ရင်ဘက်နဲ့ခံစားပြီး မဖတ်မိစေနဲ့နော်။ ရှင်တို့တွေလည်း ကျမလိုပုံပြင်တွေထဲ မျောပါသွားလိမ့်မယ်(မယုံမရှိနဲ့)။ ကျမသူ့ရဲ့စကားလုံးတွေကိုရင်ဘက်ထဲကနေ အခုလိုထုတ်ဖော်ပြီး ဖော်ပြပေးရတာတန်ပါတယ်နော်။

သူဟာ ပုံပြောကောင်းခဲ့သူတစ်ဦးလား၊ ဒါမှမဟုတ် ကျမကဘဲ ပုံနားထောင်ကောင်းခဲ့တဲ့သူတစ်ဦးလား ဆုံးဖြတ်ပေးဖို့ လည်း မမေ့ကြနဲ့နော်
သူငယ်ချင်းတို့.....


ဒီမှာကိုယ့်လူ...
မေ့ချင်ယောင် မဆောင်နဲ့
မင်းပြောဖူးခဲ့တယ်လေ
ကို့ရဲ့Angel လေးဟာ မင်းလေးပါလို့။

ဒီမှာကိုယ့်လူ...
မေ့နေလောက်ပြီပေါ့
မင်းပြောခဲ့သေးတယ်လေ
"You lead my mind well"တဲ့
ပြီးတော့ ဆိုပြန်သေး ပျားရည်ဆမ်းထားတဲ့ စကားလုံးတွေ
"I have never felt such feeling in my heart for anyone"လို့ပေါ့။


ဒီမှာကိုယ့်လူ...
မေ့တေ့တေ့ဖြစ်သွားပြီလား
"I have sent you my night-birth
To say how I am missing you"ဆိုတာ
မင်းပြောပြောနေကျ စကားတွေမို့လား
မေးနေတယ်လေ ဖြေလိုက်စမ်းပါ။

ဒီမှာကိုယ့်လူ...
အောင့်သက်သက်ဖြစ်သွားပြီလား
"Time will tell you one day,
Don't loose heart"တဲ့လေ
မင်းအမြဲဒီလိုဘဲ လှည့်စားနေကျမလား
မေးနေတယ်လေ ဖြေလိုက်စမ်းပါ။

ဒီမှာကိုယ့်လူ...
ရှောင်ခွာသွားနေမှန်း သိပါတယ်
မမေးချင်ပေမယ့် မေးလိုက်တာပါ
မပြောချင်ပေမယ့် ပြောလိုက်တာပါ
မမှာချင်ပေမယ့် မှာလိုက်ပါရစေ။

ဒီမှာကိုယ့်လူ...
မင်းတစ်နေ့ ၀ဋ္ဋ်လည်လိမ့်မယ်
ဝဋ္ဋ်ဆိုတာ အလည်ခံထိုက်သူကိုမှ
ရွေးချယ် ချဉ်းကပ်ပြီး အမွေပေးတတ်စမြဲပါ
အလှည့်ကျရင် မနွဲ့စတမ်းပေါ့။

ဒီမှာကိုယ့်လူ...
မင်းဝဋ္ဋ်လည်တဲ့အချိန်မှာ
ငါ့ကို မျှဝေဖို့ မတောင့်တပါနဲ့
ဘာလို့လဲဆိုတော့..
ဝဋ္ဋ်ဆိုတဲ့အရာကို လက်တွေ့သုံးဆောင်ပြီးတဲ့အခါ
မင်းငါ့ ကို ကောင်းကောင်းနားလည်သွားပါလိမ့်မယ်။


နှင်းပန်းညို
၅.၁.၂၀၀၉

No comments:

Post a Comment