Saturday, January 9, 2010

အချစ်ဒုက္ခသည်

ငါဟာ.....
မင်းမရှိဘဲ မရပ်တည်နိုင်တဲ့
အချစ်ဒုက္ခသည် တစ်ဦးပါ။

မင်းအချစ်တွေက ငါ့ကိုပျော်ရွှင်စေခဲ့
မင်းအချစ်တွေကဘဲ ငါ့ကိုတက်ကြွမှုပေးခဲ့
မင်းအချစ်တွေကဘဲ ငါ့ကိုလောင်မြိုက်စေခဲ့
မင်းအချစ်တွေကဘဲ ငါ့စိတ်တွေ ပျံ့ကြဲမျောလွင့်စေခဲ့
မင်းအချစ်တွေကဘဲ ငါ့နှလုံးသား စည်းချက်မှန်မှန်ခုန်စေခဲ့
မင်းအချစ်တွေကဘဲ ငါ့ဝိညာဉ်ကိုအကျဉ်းချပြီး ငါ့စိတ်ကိုအသေသတ်ခဲ့။

ဒါပေမယ့် ငါဟာ....
မင်းကို အမြဲလိုအပ်နေခဲ့တယ်
အနားမှာအမြဲရှိနေစေခဲ့တယ်
မင်းစွန့်ပစ်သွားမှာသေမလောက် ကြောက်ရွံ့မိခဲ့တယ်။

အခုတော့မင်း တဖြည်းဖြည်းနဲ့
ဟိုးအဝေးဆီရောက်နှင့်သွားပြီပေါ့
ဆုံနိုင်ဖို့ခက်ခဲလွန်းတဲ့ ဆန့်ကျင်ဘက်အရပ်ဆီသို့
ပြန်မလာနိုင်ခြင်းဆိုတဲ့ သင်္ကေတကို ဆုပ်ကိုင်ရင်းနဲ့ပေါ့။

ငါတကယ်ကျိန်ပြောရဲတယ်
ငါလည်းဘဲတစ်နေ့နေ့ မင်းနောက်လိုက်လာပါ့မယ်
ငါ မင်းကိုသိပ်ချစ်လို့လေ။

တကယ်တော့ ငါဟာ....
မင်းမရှိဘဲ မရပ်တည်နိုင်တဲ့
ကယ်သူမဲ့ အချစ်ဒုက္ခသည် တစ်ဦးပါ။



နှင်းပန်းညို
၇.၁.၂၀၀၉



No comments:

Post a Comment