Saturday, January 9, 2010

ဝေးခဲ့ကြရင်

အမှန်ဆိုတို့ဟာ ...
ပြေးလမ်းတစ်ခုပေါ်
အတူတွဲကာလျှောက်
အနာဂတ်ရဲ့ သမိုင်းကို
လှပအောင်သီကုံး
သူ့တို့ရဲ့ အပြုံးတွေကို
ရှင်သန်လှပနေစေဖို့
အမြဲရည်မှန်းကြသူတွေပါ။

အမှန်ဆို တို့ဟာ...
အများရဲ့တိုးပွားမှုကို
ရည်သန် ရည်မှန်းကာ
အနစ်နာနာ မေတ္တာဗလပွ
ရင်ထဲ ပေါက်ဖွားရှင်သန်
ဇွဲ၊လုံ့လတွေ ကာရံထပ်
မလျှော့သော ၀ရိယနဲ့
အမြဲကြိုးစားကြသူတွေပါ။

အမှန်ဆို တို့ဟာ...
ယုံကြည်ချက်၊ရည်မှန်ချက်
တစ်ထပ်တည်းကျလျှက်
ခံစားချက်ချင်း ဖလှယ်မျှဝေ
အပေးအယူ မျှသူတွေတွေပမာ
တင်စားကာ နှိုင်းယှဉ်ပြ
တို့မဆုံနိုင်ခဲ့ ဝေးခဲ့ကြရင်တောင်
ဟိုး အတိတ် တစ်ချိန်ခါက
တစ်နေရာရာ ဖြစ်စဉ်တစ်ခုမှာ
မင်းနဲ့ ငါဟာ ဘ၀တာ တခဏ
ခေတ္တဆုံတွေ့ခဲ့ကြတာ
အမြဲ သတိရနေမှာပါ။


နှင်းပန်းညို
၃၀.၆.၂၀၀၉

No comments:

Post a Comment