Monday, February 8, 2010

လမ်းတံတား ပြင်ဆင်နေတယ်

အချစ်ရယ်..
ပင်ပန်းနေတဲ့ကျမ
တချက်ကလေး မှေးစက်ချိန်မရ
အတွေးတွေထဲ ၀င်ရောက်နှောက်ယှက်
တမ်းတခြင်းတွေ မလွတ်တန်း တွဲခိုလို့
ဘယ်မလဲ အိပ်စက်ခြင်းတွေ
နာရီတွေတောင် ငိုနေပြီ
အချိန်တွေလဲ ရင့်မှည့်ကုန်ပြီ
ကျမရင်ထဲ အလွမ်းတွေပြည့်လျှံလို့
ကို့ ရင်ခုန်သံတွေ စိတ်ကူးနဲ့ ရူးပြီး
နားထောင်ကြည့်နေခဲ့ ကျမဖြစ်စဉ်
အရူးလို့ဘဲ ခေါ်ချင်ခေါ်
အလွမ်းသူကြွယ်မလေး တဖြစ်လဲ
ကို့နှမ ...
အခုအချိန်မတော့
ဘာတွေလုပ်နေလဲ မေးလာကြရင်
ကျမ အမှန်အတိုင်း ဖြေပါ့မယ်
ကို့အသည်းကို အစိမ်းလိုက် ၀ါးစားဖို့
ကိုရှိတဲ့နေရာ အရောက်လှမ်းရန်
လမ်းတံတား ပြင်ဆင်နေပါတယ်။

နှင်းပန်းညို



Type the rest of your post here.

No comments:

Post a Comment