Tuesday, May 11, 2010

တစ်ယောက်သော သူ

လေဟာနယ် ဒီပင်လယ်ထဲ
အတွေးအထပ်ထပ် ကုတ်ခြစ်
အလွမ်းတံခါးနား ထိုင်ကာငို
မလာမှန်း သိလျှက် ဒီလမ်းမပေါ်
ဆက်လက်ငေးမော ရင်း
စောင့်မျှော်တမ်းတဆဲ ငါ။

စူးရှရှ ခံပြင်း ဒီဒါဏ်ရာ၊ဝေဒနာဆိုးများ
တဆစ်ဆစ် ကိုက်ခဲနာကျင်
ရူးမတက်အောင် လူးလှိမ့်ခံစား
မူးမေ့သွားစေတဲ့ မင်းပေးတဲ့လက်ဆောင်
ငါ ဆက်လက် သိမ်းဆည်းထားမြဲ။

ပြောပြမတတ်အောင် လွမ်းနေမိ
အဝေးရောက် ငါ့အချစ်တွေ
အနေဝေးပေမယ့် ဒီရင်ထဲ
တလှိုင်လှိုင် လန်းဆန်းဖူးပွင့်
ပိုပိုတိုးပွား နွေးထွေးနေလိုက်တာ
မင်းသိစေဖို့ပြောပြခွင့်မပေးပါနဲ့
ငါ အချစ်တွေက လောဘမဲ့ ၊ဒေါသမဲ့
အတ္တ ကင်းတဲ့ မာယာမဲ့ အချစ်သက်သက်။

တကယ်တော့ မင်းဟာ
ထာဝရ အချစ်တွေကို
ငါ့ရင်ထဲ ပေါက်ဖွားလာစေဖို့
ဖန်ဆင်းပေးခဲ့တဲ့ ငါ့ရဲ့
တစ်ယောက်သော သူရယ်ပါ။


နှင်းပန်းညို
၁၂.၅.၂၀၁၀
.

No comments:

Post a Comment