Tuesday, September 21, 2010

ကြိုး.....

တွယ်တာခြင်း၊ ခင်မင်ခြင်း
ဖြူစင်ခြင်း၊အနစ်နာခံခြင်းဆိုတဲ့
ရစ်နှောင်ဖွဲ့ သံယောဇဉ်အထပ်ထပ်နဲ့
အဖြူရောင်သီးသန့်နယ်မြေတစ်ခုကို
တို့နှစ်ဦး ရှာဖွေတွေ့ရှိခဲ့။

နာကျင်ခြင်း၊လှည့်ဖျားခြင်း
လိမ်ညာခြင်း၊ဟန်ဆောင်ခြင်းဆိုတဲ့
ဝိသေသတွေ ကင်းရှင်းတဲ့
ဒီလမ်းလှလှလေး တစ်သွယ်ကို
ခိုင်မြဲခြင်း ဦးတည်ချက်တစ်ရပ်နဲ့
တို့နှစ်ဦး တည်ဆောက်ခဲ့။

မာယာတွေရှောင်းပြေး
အနမ်းမဲ့ပန်းကလေးတွေ ညှိုးငယ်နေတယ်လို့
အများက comment ပေးသွားကြပေမယ့်
ရနံ့လှိုင်သင်း မွှေးပျံ့ကြူတဲ့
အဖြူရောင် ပန်းလှလှလေးတွေ
ကမ္ဘာဆုံးထိတိုင် လန်းဆန်းဖူးပွင့်သွားစေမယ်
သူငယ်ချင်း မင်းကိုငါအရမ်းချစ်တယ် ။


နှင်းပန်းညို
၂၁.၉.၂၀၁၀.

No comments:

Post a Comment